Dream Car Art Contest

(၁၄) ကြိမ်မြောက် တိုယိုတာ စိတ်ကူးအိပ်မက် ကားအနုပညာ ပြိုင်ပွဲ (2019 – 2020)

တိုယိုတာအနေနဲ့ ကလေးများရဲ့ အိပ်မက်တွေကို ပံ့ပိုး ပေးနိုင်ဖို့ဟာ အရေးကြီးကြောင်း ခိုင်မာစွာ ယုံကြည်ထားပါတယ်။ဒါ့ကြောင့် ကလေးများ၏ အနုပညာတီထွင်ဖန်တီးနိုင်မှုနဲ့ သူတို့ရဲ့ စိတ်ကူးအိပ်မက်ထဲက ကားတွေကို လွတ်လပ်စွာ ပုံဖော်နိုင်စေဖို့ Toyota Dream Car Art Contest ကို ကျင်းပပေးနေတာဖြစ်ပါတယ်။

ဒီပန်းချီပြိုင်ပွဲအတွက် ဝင်ခွင့်လျှောက်လွှာများကို ဒီဇင်ဘာ (၄) ရက်နေ့မှ စတင်ပြီး ဖေဖော်ဝါရီ (၂၉) ရက်နေ့အထိ ပေးပို့နိုင်မှာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်များသည် အမေရိကန်ဒေါ်လာ ၁၉,၀၀၀ တန်သော ၂၀၂၀ တိုကျိုအိုလံပစ်ပွဲကို ( ၂) ဦးတက်ရောက်ခွင့် အထူးဆုကြီးအပြင် အခြားစိတ်ဝင်စားဖွယ်ရာ ဆုလက်ဆောင်များဖြစ်တဲ့

ပထမဆု – Nintendo Switch
ဒုတိယဆု – Lenovo TAB 4 8
တတိယဆု – JBL Clip 3 portable Bluetooth Speaker စတဲ့ဆုတွေကို ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။

Dream Car Art Contest ဖွင့်ပွဲအခမ်းအနားကို ဒီကနေ့ ဒီဇင်ဘာလ (၈) ရက်နေ့ မနက် (၁၀)နာရီမှ ည (၈)နာရီအထိ မြန်မာပလာဇာမှာ ကျင်းပပြုလုပ်သွားနေတာ ဖြစ်ပါတယ်။

ဖွင့်ပွဲအခမ်းအနားမှာ အရမ်းချစ်စရာကောင်းတဲ့ ထိပ်ထားသခင်လေးလည်း စကားဝိုင်းမှာ ပါဝင််ဖို့ လာရောက်အားဖြည့်ပေးသွားမှာ ဖြစ်ပါတယ်။

ကလေးများရဲ့ အနုပညာ စိတ်ကူးစိတ်သန်းတွေ ထက်မြတ်စေပြီး ပုံဆွဲစွမ်းရည်တွေတိုးတက်စေဖို့ ပြိုင်ပွဲ အစီအစဉ်လေးတွေမှာ ဝင်ရောက်ဖို့ လူကြီးမင်းတို့ရဲ့ကလေးများကို ခေါ်ဆောင်လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

အသေးစိတ်သတင်းအချက်အလက်ကိုတော့ ကျွန်တော်တို့၏ website မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

Toyota Mingalar Brand New Car Showroom

အမှတ် (၆) ဘုရင့်နောင်လမ်းနဲ့ ရွာမကျောင်းလမ်းထောင့်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
အသေးစိတ်ကို 01 514940 ~ 41, 09 267 757 033,09 976 990009,09 695 280536,09 42102 8955,09 785 084176,09 785 353487,09 787 004668,09 976 292095ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။
#toyota #toyotamingalar #dcac #art