မြန်မာနိုင်ငံမှ Toyota ကားချစ်သူတွေအတွက် Toyota ရဲ့ စေတနာတုံ့ပြန်မှု

ယခုအခါ မိုးရာသီကိုရောက်ရှိလို့ လာပါပြီ။ မုတ်သုံဟာ မိုးနဲ့အတူ ကားပိုင်ရှင်တွေ၊ ကားမောင်းသူတွေအတွက် သတိထားရမယ့် အချိန်ကာလကို သယ်ဆောင်လာပါပြီ။ ယာဉ်မောင်းနှင်သူတွေဟာ ရာသီမရွေး၊ အချိန်မရွေး မိမိကားကို ဂရုတစိုက်ထိန်းသိမ်းမှုများပြုလုပ်ပီး သတိထားမောင်းနှင်သင့်ပါတယ်။ အထူးသဖြင့် ဒီလို မိုးရာသီအချိန်ကာလမျိုးမှာ မိုးရေကြောင့် စွတ်စိုချော်ချွတ်နေတဲ့ လမ်းမတွေ၊ မြင်ကွင်းမရှင်းတာတွေဖြစ်တတ်လို့ ယာဉ်မောင်းသူတွေအနေနဲ့ ပိုမိုသတိထားမောင်းနှင်ဖို့လိုအပ်ပါတယ်။ ဒီအတွက်ကြောင့် မိမိတို့ မောင်းနှင်မယ့် ကား ရဲ့ကြံ့ခိုင်ရေးကို ဂရုတစိုက်စစ်ဆေးသင့်ပါတယ်။

သင့်ကားကြံ့ခိုင်ရေးကို ပုံမှန်စစ်ဆေးမှုမပြုလုပ်ပါက အင်ဂျင်အပူလွန်ကဲခြင်း နဲ့ တုန်ခါခြင်း၊ Suspension မကောင်းခြင်း ၊ ဘရိတ်များကောင်းစွာ အလုပ်မလုပ်ခြင်း၊ အသံများထွက်ခြင်း၊ တာယာကွဲထွက်ခြင်း၊ တိုင်မင်ကြိုးများ မကောင်းခြင်း၊ဆီယိုစိမ့် ခြင်း ဖြစ်ပေါ်တတ်ပြီး ပုံမှန်စစ်ဆေးထိန်းသိမ်းခြင်းမရှိဘဲ ဆက်လက် အသုံးပြုလျှင် ဆီစားများလာခြင်း၊ သက်တောင့်သက်သာမရှိခြင်း နဲ့ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့လာနိုင်ပါတယ်။
ဒါကြောင့် Toyota ကားချစ်သူများ အနေနဲ့ မလိုလားအပ်တဲ့ ပျက်စီးဆုံးရှုံးမှုများ၊ ငွေကုန်ကြေးကျမှုများ မကြုံရစေဖို့ Toyota ရဲ့စေတနာတုံံ့ပြန်မှုလာပါပြီ။

သြဂုတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ အခမဲ့စစ်ဆေးပေးမယ့် Toyota ရဲ့ ကားကြံ့ခိုင်ရေး ပုံမှန်စစ်ဆေးခြင်းဝန်ဆောင်မှုကို ရယူလိုက်ပါ။ Toyota ရဲ့ အခမဲ့ စစ်ဆေးခြင်း ဝန်ဆောင်မှုမှာ အင်ဂျင်အပိုင်း၊ ဘရိတ်အပိုင်း၊ Suspension အပိုင်းနဲ့ တာယာ၊ဝိုက်ဘာ၊မီး အစရှိသည်တို့ကို Toyota မှ ကျွမ်းကျင်ပညာရှင်များက စနစ်တကျ စစ်ဆေးပေးသွားမှာဖြစ်ပါတယ်။လာရောက်စစ်ဆေးသူများကို ၂၀၀၀၀ ကျပ်တန် Service Discount Coupon များလည်း ပေးအပ်သွားမှာ ဖြစ်ပါတယ်.. ယင်း ၂၀၀၀၀ ကျပ်တန် coupon ကို အခြားသော မော်တော်ကား ပြုပြင်ထိန်းသိမ်း ခြင်းများဖြစ်တဲ့ အင်ဂျင်ဝိုင်လဲလှယ်ခြင်း၊ ဘရိတ် တာယာလဲလှယ်ခြင်းနဲ့ အခြားသောဝန်ဆောင်မှု အမျိုးမျိုးအတွက် အသုံးပြုနိုင်မှာဖြစ်ကြောင်း Toyota ကားချစ်သူတွေကိုသတင်းကောင်းပါးလိုက်ပါရစေ။

“သင်နဲ့သင့်မိသားစု လုံခြုံဘေးကင်းဖို့၊ သင့်ကားကို ပုံမှန်ပြုပြင်ထိန်းသိမ်းစို့…”

ဆက်သွယ်ရန်လိပ်စာ
Toyota Mingalar Service Center
အမှတ် (၂၃၆) ၊ အလုံလမ်း ၊ အလုံမြို့နယ် ၊ ရန်ကုန်မြို့။ ဖုန်း- ၀၁ ၂၂၁ ၂၂၄ ၊ ၀၁ ၂၃၀ ၂၁၂၂ ၊ ၀၁ ၂၃၀ ၂၁၂၃ ၊ ၀၁ ၂၃၀ ၂၁၂၆ ။