မြန်မာနိုင်ငံမှ Toyota ကားချစ်သူတွေအတွက် Toyota ရဲ့ စေတနာတုံ့ပြန်မှု
ယခုအခါ မိုးရာသီကိုရောက်ရှိလို့ လာပါပြီ။ မုတ်သုံဟာ မိုးနဲ့အတူ ကားပိုင်ရှင်တွေ၊ ကားမောင်းသူတွေအတွက် သတိထားရမယ့် အချိန်ကာလကို သယ်ဆောင်လာပါပြီ။ ယာဉ်မောင်းနှင်သူတွေဟာ ရာသီမရွေး၊ အချိန်မရွေး မိမိကားကို ဂရုတစိုက်ထိန်းသိမ်းမှုများပြုလုပ်ပီး သတိထားမောင်းနှင်သင့်ပါတယ်။ အထူးသဖြင့် ဒီလို မိုးရာသီအချိန်ကာလမျိုးမှာ မိုးရေကြောင့် စွတ်စိုချော်ချွတ်နေတဲ့ လမ်းမတွေ၊ မြင်ကွင်းမရှင်းတာတွေဖြစ်တတ်လို့ ယာဉ်မောင်းသူတွေအနေနဲ့ ပိုမိုသတိထားမောင်းနှင်ဖို့လိုအပ်ပါတယ်။ ဒီအတွက်ကြောင့် မိမိတို့ မောင်းနှင်မယ့် ကား ရဲ့ကြံ့ခိုင်ရေးကို ဂရုတစိုက်စစ်ဆေးသင့်ပါတယ်။ သင့်ကားကြံ့ခိုင်ရေးကို ပုံမှန်စစ်ဆေးမှုမပြုလုပ်ပါက အင်ဂျင်အပူလွန်ကဲခြင်း နဲ့ တုန်ခါခြင်း၊ Suspension မကောင်းခြင်း ၊ ဘရိတ်များကောင်းစွာ အလုပ်မလုပ်ခြင်း၊ အသံများထွက်ခြင်း၊ တာယာကွဲထွက်ခြင်း၊ တိုင်မင်ကြိုးများ မကောင်းခြင်း၊ဆီယိုစိမ့် ခြင်း ဖြစ်ပေါ်တတ်ပြီး ပုံမှန်စစ်ဆေးထိန်းသိမ်းခြင်းမရှိဘဲ ဆက်လက် အသုံးပြုလျှင် ဆီစားများလာခြင်း၊ သက်တောင့်သက်သာမရှိခြင်း နဲ့ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုများ…